Home / ဖြေရှင်းချက်များ / ထုတ်ကုန်များ / သံမဏိကိုယ်ထည်အစိတ်အပိုင်း / Sub-structural Framing System /
ကရိန်း
ကရိန်းစနစ်သည် အဆောက်အဦးအတွင်း ပစ္စည်းသယ်ပို့/တင်ချရာတွင် ပိုမိုတိုးတက်မြန်ဆန်စေပြီး ပစ္စည်းသယ်ယာဉ်များကြောင့် လမ်းကြောင်းရှုပ်ထွေးမှုကို ရှောင်ရှားနိုင်ပြီး လုပ်ငန်းခွင်လုံခြုံစိတ်ချမှုကို တိုးမြှင့်စေပါသည်။
ထုတ်ကုန် အမြင်ပုံစံများ
- -စက်မှုလုပ်ငန်းသုံးအဆောက်အဦးများတွင် ကုန်ထုတ်လုပ်မှုများပိုတိုးတက်စေရန်
- လုံခြုံစိတ်ချမှုရရှိပြီး နေရာကျယ်ဝန်းစေခြင်း
- သင့်လျော်သော ကရိန်းယက်မစနစ်များဖြင့် ကရိန်းအမျိုးမျိုးအတွက် ထောက်ပံ့ပေးနိုင်ခြင်း
ဒီဇိုင်းတွက်ချက်ချိန်တွင် ကြိုတင်စဉ်းစားထားခြင်းမရှိဘဲ တည်ဆောက်ပြီးသော Pre-engineered steel အဆောက်အဦးများတွင် ကရိန်းစနစ်ကို ထပ်တိုးထည့်သည့်အခါ ကုန်ကျစားရိတ်အတွက် တွက်ချေကိုက်မည်မဟုတ်သည့်အပြင် လုပ်ကိုင်တပ်ဆင်ရသည်မှာလည်းလွယ်ကူမည်မဟုတ်ပါ။
ထိုကြောင့် အဆောက်အဦးကို ရေတိုအတွက်သာမက ရေရှည်အသုံးပြုမှုအတွက်ပါ ကြိုတင်စဉ်းစားရမည်ဖြစ်သည်။
Pre-engineered steel အဆောက်အဦးတွင် ထပ်တိုးမည့်ကရိန်းစနစ်ပါဝင်မည့် ကုန်ကျစားရိတ်များမှာ:
- ၁. ကရိန်း loadsကို တောင့်ခိုင်နိုင်ရန် အဆောက်အဦး၏အဓိကframes ကို တောင့်တင်းမှုရှိရန် အားဖြည့်ခြင်း
- ၂. ကရိန်းစနစ်အတွက်လိုအပ်သည့် ကရိန်းပြေးလမ်းနှင့် ဆင့်တန်းအတိုတို့ကို ထောက်ပံ့ပေးခြင်း
- ၃. ကရိန်းလမ်းကြောင်းပစ္စည်းဖိုးနှင့်တပ်ဆင်ခ
- ၄. ကရိန်းစနစ်အတွက်ပစ္စည်း တပ်ဆင်ခနှင့် စမ်းသပ်မောင်းနှင်ခ
Pebsteel သည် အထက်ပါအကြောင်းအရာမှ နံပါတ် ၁ နှင့် ၂ အတွက်သာ တာဝန်ယူလုပ်ဆောင်မည်ဖြစ်ပြီး ကျန်သည့် နံပါတ် ၃ နှင့် ၄ အတွက် ကရိန်စနစ်ပြုလုပ်သည့် ကုမ္ပဏီမှ လုပ်ဆောင်မည်ဖြစ်ပါသည်။
Pre-engineered steel အဆောက်အဦးများတွင် အသုံးအများဆုံး ကရိန်းစနစ်များမှာ :
- Top running cranes
- Under-hung cranes
- Monorail cranes
- JIB cranes
- Gantry cranes
- Semi-gantry cranes.