Home / ဖြေရှင်းချက်များ / ထုတ်ကုန်များ / ဆက်စပ်ပစ္စည်းများ /
Gutter & Downspout
Pre-engineered buildings တွင် အဆောက်အဦးများ၏ သက်တမ်းကို တာရှည်ခံရန်အတွက် သင့်လျော်သော ခေါင်မိုးရေစီးရေလာစနစ်သည် မရှိမဖြစ်လိုအပ်ပါသည်။ အဆောက်အဦး၏ ဘေးနှစ်ဖက်မှ မိုးရေများလျှံကျခြင်းမှ ကာကွယ်ရန်အတွက် လုံလောက်မှုရှိစေရန် ဒီဇိုင်းရေးဆွဲထားရပါမည်။
ထုတ်ကုန် အမြင်ပုံစံများ
- Pre-engineered steelအဆောက်အဦးများ သက်တမ်းပိုမိုကြာရှည်ခံစေရန်
- မိုးရေလျှံကျခြင်းမှကာကွယ်ရန်
- အဆောက်အဦး၏ အမိုးစွန်းများတွင် ထူးခြားသည့်အသွင်အပြင်တစ်ခုနအဖြစ်ဖန်တီးပေးနိုင်ခြင်း


ရေတံလျှောက်သည် အဆောက်အဦး၏ခေါင်မိုးမှ ရေများကို ရေဆင်းပိုက်အထိ သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် cold-formed “channel-shaped” ထုတ်ကုန်ဖြစ်ပါသည်။ ရေတံလျှောက် အမျိုးအစား eave gutters နှင့် valley guttersဟူ၍ (၂) မျိုးရှိပါသည်။ Valley guttersသည် ပုံမှန်အားဖြင့် ကပ်လျက် အဆောက်အဦးနှစ်ခုကြား သို့မဟုတ် မြင်းမိုရ်ပိတ်နှစ်ခုကြားတွင် တည်ရှိပြီး တံစက်မြိတ်အမြင့်နှင့်တူညီခြင်း သို့မဟုတ် မတူညီခြင်းလည်း ရှိပါသည်။
ရေဆင်းပိုက်သည် ခေါင်မိုးရေတံလျှောက်မှရေများကို မြေကြီးဆီသို့ သို့မဟုတ် ရေမြောင်းစနစ်သို့ သယ်ဆောင်ရန်အတွက် အသုံးပြုသော အခေါင်းပေါက် cold-formed ထုတ်ကုန်ဖြစ်ပါသည်။ ရေဆင်းပိုက်များ၏ပုံသဏ္ဍာန်ကို ပိုမိုမာကြောမှုရှိစေရန် ဘေးနှစ်ဖက်စလုံးတွင် ပြော့ကြောင်းရာမြောင်းလိုင်းများနှင့်ပုံဖော်ထားပါသည်။
