Home / ဖြေရှင်းချက်များ / ထုတ်ကုန်များ / သွပ်ပြားနှင့်ဆက်စပ်ပစ္စည်းများ / Profiles /
PebDek®
Pebsteelမှ တီထွင်ထုပ်လုပ်သော PebDek® cold-formed လှိုင်းတွန့်အခင်းပြားသည် သံမဏိ ယက်မ၊ဆင့်တန်းများပေါ်တွင် ခင်းရန်ဖြစ်သည်။ AS A653 SS Grade 550 & Z180- အမေရိကန်စံ ချိန်စံညွှန်းများအတိုင်း ဆေးသုပ်ရန်မလို သွပ်ရည်စိပ်ထားသော ၁မီလီမီတာ အထူ PebDek®အပြားများ ရရှိနိုင်ပါသည်။
ထုတ်ကုန် အမြင်ပုံစံများ
- Mezzanine အထပ် စတီးလ် ကြမ်းခင်းပြားပုံစံများကို PebDek®55(ဖောင်းလိုင်းအမြင့် ၅၅မီလီမီတာ) နှင့်
- PebDek®76(ဖောင်းလိုင်းအမြင့် ၇၆မီလီမီတာ)ဟူ၍ နှစ်မျိုးနှစ်စား ရှိပါသည်။
- အမေရိကန် စံနှုန်းများအညီ ဆေးသုပ်ရန်မလို သွပ်ရည်စိပ်သုပ်ထားသော ၁မီလီမီတာအထူ ရရှိနိုင်ပါသည်။
- Pre-Engineered အဆောက်အဦးများ၏ ကြမ်းခင်းများအတွက် ကွန်ကရစ်နှင့်သတ္ထုအကူ ပေါင်းစပ်ထားသော တောင့်တင်းသည့်ဒီဇိုင်းပုံစံကို ပြုလုပ်ဖန်တီးပေးနိုင်ခြင်း


Mezzanineအထပ် စတီးလ်ကြမ်းခင်းပြားပုံစံများကို ဖောင်းလိုင်းအမြင့် ၅၅မီလီမီတာ အမြင့်ရှိသော PebDek®55 နှင့် ဖောင်းလိုင်းအမြင့် ၇၆မီလီမီတာရှိသော PebDek®76 ဟူ၍ နှစ်မျိုးနှစ်စား ရှိပါသည်။
PebDek®76 သည် PebDek®55ထက် အခန်းကျယ်ကျယ်တွင် အသုံးပြုနိုင်သည့်အတွက် အသုံးပြုရမည့်ပစ္စည်းများကို လျှော့ချစေနိုင်ပါသည်။
ထုတ်ကုန်ဖော်ပြချက်
ပေါင်းစပ်ထားသော ဒီဇိုင်းပုံစံ အဆောက်အဦးများတွင် PebDek®သည် ကြမ်းခင်းလောင်းရာတွင် Permanentကြမ်းခင်းအဖြစ် အထောက်အကူပြုနိုင်သည့်အတွက် ကွန်ကရစ်နှင့်ကြမ်းခင်းသံချောင်းများကို လျှော့ချစေနိုင်ပါသည်။
အခြေခံအသုံးပြုပုံ
PebDek®သည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကွန်ကရစ်ကြမ်းခင်းလောင်းရာတွင် ပိုလွယ်ကူပြီး ပိုမိုမြန်ဆန်စေပါသည်။


တပ်ဆင်ခြင်း
PebDek®ကြမ်းခင်းပြားများကို ကြမ်းခင်း၏ယက်မ/ဆင့်တန်းများတွင် Screwထိုးပြီး ဖြောင့်တန်းစွာ တပ်ဆင်ရပါမည်။