Home / ဖြေရှင်းချက်များ / ထုတ်ကုန်များ / သွပ်ပြားနှင့်ဆက်စပ်ပစ္စည်းများ / Profiles /
PebSeam128®
PebSeam128 ®အမိုးသည် အမိုးစနစ်ကျယ်ကျယ်များတွင် အသုံးပြုနိုင်စေရန် LokSeamအမိုးကို အဆင့်ထပ်မြှင်ထားခြင်းဖြစ်သည်။ PebSeam128 ®အမိုးပြားများသည် ၄၀၀မီလီမီတာ အကျယ်(ထုတ်လုပ်ပီးအကျယ်) ဖောင်းလိုင်းအမြင့် ၁၂၈မီလီမီတာ ရှိပါသည်။ PebSeam128 ®အမိုးကို အနည်းဆုံး ခေါင်မိုးအစောင်း ၃%အထိဖြင့် ဒီဇိုင်းပြုလုပ်နိုင်ပါသည်။
ထုတ်ကုန် အမြင်ပုံစံများ
- မီတာ ၁၅၀ အထိ အဆက်မရှိပဲ အမိုးအရှည်ရှိသလောက် တစ်ချပ်တည်းအသုံးပြုနိုင်ခြင်း
- တစ်နာရီ လေတိုက်နှုန်း ၂၂၀ကီလိုတာ အထိ ခံနိုင်ရည်ရှိခြင်း
- ပိုပီးစိတ်ချရစေသောအချက်မှာ အပူကြောင့် ဆန့်ထွက်စေခြင်းမျိုးကို အမိုးမြှားတန်းသို့ မရောက်ရှိစေခြင်း
- မိုးရေမယိုသောကြောင့် သဘာ၀စွမ်းအင်နှင့်လုပ်ငန်းလည်ပတ်ငွေကို လျှော့ကျစေခြင်း


အခြေခံအသုံးပြုပုံ
PebSeam128 ® အမိုးကို အဆောက်အဦးအမိုးသစ်အတွက်ဖြစ်စေ၊ အဆောက်အဦးအမိုးဟောင်းပေါ်တွင်ဖြစ်စေ အသုံးပြုနိုင်ပါသည်။
တပ်ဆင်ခြင်း
PebSeam128 ®အမိုးကို အဓိကကျသော ဖောင်းလိုင်း၏အထက်တွင် ၂၅မီလီမီတာအမြင့်ရှိသော အတွင်းပိုင်းချုပ်ဆက်စနစ်ဖြင့် အလျားဘေးတိုက် ချိတ်ဆက်ထားသော အမိုးစနစ်ဖြစ်ပါသည်။ အလျားဘေးတိုက် ချိတ်ဆက်ခြင်းကို အထူးချုပ်ချိတ်ဆက်သောခေတ်မှီစက်များဖြင့် ပြုလုပ်ပါသည်။
အမိုးပြားများကို Butylတိပ်သုံးချုပ်စက်ဖြင့် ၃၆၀ဒီဂရီ နှစ်ထပ်ချိတ်ဆက်စနစ်ဖြင့် ချုပ်ချိတ်ထားပီး မိုးရေလုံးဝမယိုစေရန် သေချာစွာ တပ်ဆင်ပါသည်။
