Home / ဖြေရှင်းချက်များ / ထုတ်ကုန်များ / သံမဏိကိုယ်ထည်အစိတ်အပိုင်း / Sub-structural Framing System /
လေဝင်လေထွက်စနစ်
လေဝင်လေထွက်စနစ်အတွက် ကိရိယာ (၂) မျိုးမှာ လေဝင်ကိရိယာ နှင့် လေထွက်ကိရိယာဖြစ်ပါသည်။
ခိုအိမ်သည် လေပူထွက်စေရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။
ထုတ်ကုန် အမြင်ပုံစံများ
- အဆောက်အဦးတွင်းအပူချိန်လျှော့ချပေးခြင်း
- ကုန်ထုတ်လုပ်မှုမှ ဓာတ်ငွေ့ထွက်ခြင်းကိုလျှော့ချခြင်း
- မီးဘေးအန္တရာယ်ကို ရှောင်ရှားရန် မီးလောင်စေသောလေထုကို လျှော့ချခြင်း
- pre-engineered အဆောက်အဦးများတွင် လေဝင်လေထွက်စနစ်ကို ပိုမိုတိုးမြှင့်ပေးနိုင်ခြင်း
- လေအေးပေးစက်အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်စေသော သဘာဝစွမ်းအင်ကို လျှော့ချပေးနိုင်ခြင်းနှင့် လုပ်ငန်းလည်ပတ်စားရိတ်ကို လျှော့ချပေးနိုင်ခြင်း


လေဝင်လေထွက်စနစ်သည် လေအေးပေးစက်နှင့် ဆက်စပ်မှုမရှိပါ။ အကယ်၍ အပူချိန်ကိုလျှော့ကျပီးပိုအေးစေလိုပါက လေအေးပေးစက်ကို ထည့်သွင်းစဉ်းစားရပါမည်။
ဗီယက်နမ်နိုင်ငံရှိစက်ရုံများတွင် Jack Roof Monitors(JRM) သည် ထိရောက်မှုအားနည်းကြောင်းတွေ့ရှိရပါသည်။
လက်တွေ့နှင့်မကိုက်ညီသော ဒီဇိုင်းပုံစံကြောင့် လေပူများသည်အပြင်သို့ ဆက်တိုက်ချောမွေ့စွာမထွက်နိုင်ဘဲ လည်နေပြီး လေဝင်လေထွက်မကောင်းခြင်းကို ဖြစ်ပေါ်စေပါသည်။


Pebsteelသည် pre-engineeredအဆောက်အဦးများတွင် Ridge Ventilator(RV ခိုအိမ်)ဖြင့် ထိရောက်ကောင်းမွန်သော လေဝင်လေထွက်စနစ်ရရှိစေရန် ဝယ်ယူသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကျွမ်းကျင်သူများနှင့်အတူ အနီးအကပ် ကြီးကြပ် လုပ်ကိုင်ဆောင်ရွက်ပေးပါသည်။ အဆောက်အဦးတစ်ခုလုံး၏ အမိုးနှင့်နံရံတွင် လေဝင်လေထွက်ကောင်းမွန်စေရေးအတွက် အကောင်းဆုံးဒီဇိုင်းပုံစံဖန်တီးရန် လိုအပ်ပါသည်။
Pebsteel၏ Pre-engineered အဆောက်အဦးများ၏ဒီဇိုင်းတွင် စံသတ်မှတ်ထားသော ခိုအိမ်အကျယ်များမှာ 3.0, 5.0, 6.0, and 7.0. မီတာတို့ ဖြစ်ပါသည်။


သုံးစွဲသူ၏ လိုအပ်ချက်အတိအကျပေါ်မူတည်၍ ခိုအိမ်ကို တစ်ဆက်တည်းဖြစ်စေ တစ်ခုစီဖြစ်စေ တပ်ဆင်နိုင်ပါသည်။