Home / ဖြေရှင်းချက်များ / ထုတ်ကုန်များ / သံမဏိကိုယ်ထည်အစိတ်အပိုင်း / စံသတ်မှတ်သောသံမဏိကိုယ်ထည် System /
Roof System
အမိုးစနစ်တွင် ဒိုင်း၊ မြှားတန်း၊ အမိုးပြားများပါဝင်ပြီး ဆောက်လုပ်ပြီးထားသော အဆောက်အဦး(သို့) သေချာစွာစီစဉ်ထားသော အဆောက်အဦးများတွင် တပ်ဆင်ရန်ဒီဇိုင်းရေးဆွဲထားပါသည်။ ထိုအဆောက်အဦးကို ပုံမှန်အားဖြင့် ကွန်ကရစ်ဖြင့် ပြုလုပ်ထားပါသည်။
ထုတ်ကုန် အမြင်ပုံစံများ


Pebsteel မှ အမိုးစနစ်အတွက်ထောက်ပံ့ပေးသည့်အခါ ထိုအဆောက်အဦး၏လက်ရှိဒီဇိုင်းနှင့် Pebsteel အမိုး load ကို အခြားကျွမ်းကျင်အင်ဂျင်နီယာကုမ္ပဏီတစ်ခုမှ သေချာစွာထည့်သွင်းစဉ်းစားထားသည်ဟု ယူဆပါသည်။ ဝယ်ယူသူ၏ဆောက်လုပ်ရေးကုမ္ပဏီမှ Pebsteel ၏အမိုးအတွက်လိုအပ်သော anchor bolts တပ်ဆင်ရန် နှင့် အမိုးမှ ဖောင်ဒေးရှင်းသို့ သက်ရောက်မည့် load များကို အဆင်ပြေသေချာမှုရှိစေရန် ဆောင်ရွက်ပေးရပါမည်
ဆောက်လုပ်နေချိန်တွင် သေချာပြုလုပ်မထားသည့် ကွန်ကရစ်အတိုင်းအတာများသည် အမိုးစနစ်အတွက် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများပင်ဖြစ်ပါသည်။ anchor bolts တပ်ဆင်ချိန်တွင် အများဆုံးသွေလွဲမှု (± 5mm) မျှသာရှိစေရန်သာသေချာစွာဂရုစိုက်ရပါမည်။


ကွန်ကရစ် နှင့် စတီလ်းအကာ နှစ်ခုကြားရှိထိစပ်နေသောနေရာကို သေချာစွာဂရုပြုရမည်ဖြစ်ပါသည်။ ပုံမှန်ပုံစံမဟုတ်သော၊ အမြင့်အမျိုးမျိုးဖြစ်နေသော ကွန်ကရစ်များသည် နောင်တွင်မိုးယိုစေသော ပြဿနာဖြစ်ပေါ်နိုင်ပါသည်။ယေဘုယျအားဖြင့် အမိုးစနစ်ပုံစံသည် Pre-engineered building တစ်ခုလုံးနှင့်နှိုင်းယှဉ်လျှင် ကုန်ကျမှုမသက်သာစေပါ (အထူးသဖြင့် အလယ်အလတ်ရှိသော (သို့) ကျယ်ဝန်းသော အခန်းဖြင့် ဖွဲ့စည်းထားသောအဆောက်အဦးများတွင်)။ Pre-engineered buildings ရှိ အဓိက frames များတွင် ဖိအားများသည် ပို၍ပေါ့စေသည့်အတွက် အဆောက်အဦးတစ်ခုလုံးတွင်ကုန်ကျစားရိတ်သက်သာစေပါသည်။ အမိုးစနစ်ရှိ ဖိအားများသည် အမိုးဒိုင်းအလယ်တွင်ပိုမိုသက်ရောက်ပြီး အလေးချိန်ပိုစေသည့်အတွက်ကြောင့် ကုန်ကျစားရိတ်ပိုများစေပါသည်။